
မူစယ်မှမန္တလေးအဆင်း ၁၀ ဘီးကား (ဓါတ်ပုံ-S.H.A.N.)
အာစီယံနိုင်ငံများတွင် ၁၄ ဘီးတပ်ယာဉ် ကုန်အလေးချိန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန်၂၅ တန် ၊ ၁၀ဘီးတပ် ယာဉ် ၂၁ တန်နှင့် ၁၀ဘီးတပ်ယာဉ် ၁၆ တန် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါစံချိန်အရ ၁၄ ဘီးတပ်ယာဉ် မှအပ ကျန်ယာဉ်များ တင်ဆောင်ရမည့် ကုန်အလေးချိန်များ ထပ်မံလျှော့ ချရမည်ဖြစ်ပြီး ယာဉ်မောင်းများထံ ၄င်းကိစ္စ ကြိုတင်အကြောင်းကြားထားကြောင်း ယာဉ်မောင်းအသိုင်းအ၀ိုင်း က သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“ယာဉ်ပေါ်တင်ရမဲ့ ကုန်အလေးချိန် သတ်မှတ်ချက်တွေ အာစီယံစံချိန်စံညွန်းအတိုင်း ဇန္န၀ါရီ ပထမအပတ် မှာစ အကောင်အထည်ဖေါ်မယ် ကားသမားတွေ ကြိုတင်ပြောထားပြီးပြီ”
“အဲဒီသတ်မှတ်ချက်အရဆိုရင် ၀င်ရိုး ၄ ခု ၁၄ဘီး က ၃၄ တန်က မပြောင်းဘူး။ ၀င်ရိုး ၄ ခု ၁၂ ဘီးက တန် ၃၀ ကနေအခ ၂၅ တန် ၊ ၀င်ရိုး ၃ခု ၁၀ ဘီးက အခု ၂၅ တန်ပေးထားတာအခု ၂၁ တန်၊ နောက် ၀င်ရိုးနှစ်ခု ၆ ဘီးက တန် ၂၀ ပေးထားတာအခု ၁၆ တန်ဖြစ်မယ် ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
အာစီယံစံချိန်စံညွန်းအတိုင်း လျှော့ချရန်သတ်မှတ်ထားသော်လည်း အလေးချိန်ပိုတင်နိုင်အောင် လာဒ်ထိုးရမှုများပိုရှိ လာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပြည်တွင်း၌ အဆိုပါကုန်အလေးချိန်များကို နိုဝင်ဘာလဆန်းပိုင်းက စတင် သတ်မှတ်ခဲ့ပြီး ယခုလ ၈ ရက်နေ့က တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်း မူစယ် - မန္တလေးလမ်းတွင် အဆိုပါ သတ်မှတ်ချက် ထပ်မံ ထုတ် ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် မူစယ် - မန္တလေးအတက်အဆင်း ကုန်တင်ခဈေးနှုန်းများ ၂ ဆမှ ၃ ဆအထိ တက်လာကြောင်းသိရသည်။
Artikel Terkait:




0 comments:
Post a Comment