ရန်ကုန် (မဇ္ဈိမ)။ ။ ဗီယက်နမ်နှင့် မြန်မာအကြား နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၆၀ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ သန်း ၁၆၀ ဖိုးအထိ ရောက်သွားလိမ့်မည်ဟု ခန့်မှန်းထားကြောင်း
ဗီယက်နမ် ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ငုယင်ထန်ဘီယန်က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးချုပ်တွင် ယမန်နေ့က ပြုလုပ်သော ကွန်ဖရင့်တွင် မစ္စတာ ငုယင်ထန်ဘီယန်က ပြောကြားသွားခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂ဝဝ၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၉ သန်း၊ ၂ဝဝ၈ ခုနှစ်တွင် ၁၀၈ သန်းရှိခဲ့သည်ဟု ဆိုသည်။
“ နှစ်နိုင်ငံကြား ကုန်သွယ်မှု တိုးမြှင့်ရေးလုပ်ဆောင်မှုတွေဟာ အလွန်အလုပ်များခဲ့တယ်” ဟု သူက ပြောသည်။
နှစ်နိုင်ငံ လုပ်ငန်းရှင် ၂၀၀ ခန့်တက်ရောက်သော ကွန်ဖရင့်တွင် ဗီယက်နမ် ကုန်သည်များက မွေးမြူရေးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ အလှကုန်များ၊ အိမ်သုံးပစ္စည်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများ ပြသခဲ့ကြသည်။
ယခုနှစ် ဧပြီလအတွင်း ဗီယက်နမ်လုပ်ငန်းရှင် ၇ဝ ကျော်ပါဝင်သော မြန်မာနိုင်ငံတွင် ကုန်စည်ပြပွဲ တခုကိုလည်း ပြလုပ်ခဲ့သည်။ ထို့အပြင် ရန်ကုန်နှင့် ဟိုချီမင်း၊ ရန်ကုန်နှင့် ဟနွိုင်းအကြား တိုက်ရိုက် လေကြောင်း ခရီးစဉ်တခုကိုလည်း အကောင်အထည်ဖော်ခဲ့သည်။
ဗီယက်နမ်၏ ၂ဝ၁ဝ ပြည့်နှစ်တွင် နိုင်ငံခြား တင်ပို့မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆၄.၄ ဘီလျံနှင့် တင်သွင်းမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၄.၇ ဘီလျံရှိမည်ဟု ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
Artikel Terkait:




0 comments:
Post a Comment