ကျော်ဆုမွန် အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀
ထူးထရေးဒင်းနှင့် အဲပုဂံလေကြောင်း လိုင်းတို့၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌသစ်လည်း ဖြစ်လာသည်။မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးကို နေပြည်တော် တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေး၌ ဦးတေဇကို အသင်းဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ် လိုက်ခြင်း ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ နာယကသုံးဦးအဖြစ် သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီး ဦးအုန်းမြင့်၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး ဦးမောင်ဦး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၀န်ကြီး ဦးတင်နိုင်သိန်းတို့က ဆောင်ရွက်ကြကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
အသင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၁-၁၂ ခုနှစ်များအတွက် အသင်းသား၊ အလုပ်အမှုဆောင်များ ပြန်လည်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
ဦးတေဇသည် ပုဂ္ဂလိက အဲပုဂံ လေကြောင်းလိုင်း၊ အာရှစိမ်းလန်းရေး နှင့် ဖွံ့ဖြိုးရေးဘဏ်၊ ဟိုတယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဆက်သွယ်ရေး ပစ္စည်းဝန်ဆောင်မှုလုပ်ငန်းများနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ် တို့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
Artikel Terkait:




0 comments:
Post a Comment