Tuesday, December 21, 2010

မတ်လ ကျောက်မျက်ပွဲအမီ နေပြည်တော်မှာ ဟိုတယ်တိုး


ရန်ကုန် (မဇ္ဈိမ) ။        ။ မတ်လ နေပြည်တော်ကျောက်မျက်ပြပွဲအမီ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းများ ထပ်တိုးချဲ့ကာ ဆောက်လက်စ ဟိုတယ်များ အမြန်ပြီးစီးရန် ကြိုးစားနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ က နေပြည်တော်တွင် ပထမဆုံး ကျင်းပသည့်ကျောက်မျက်ပြပွဲလာ ဧည့်သည် အရေအတွက်အနေအထားကို မူတည်ကာ မတ်လကျောက်မျက်ပွဲတွင် ဧည့်သည်အခန်းများလုံလောက်မှုရှိစေ
ရန် ဆောင်ရွက်နေကြသည်။

“လာမယ့် မတ်လ ကျောက်မျက်ပွဲမှာ ဧည့်သည်
MCC
ရန်ကုန်မြို့၌ MCC Centerတွင် နိုဝင်ဘာ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်က ကျင်းပပြီးစီးသွားခဲ့သည့် ကျောက်စိမ်းပြပွဲ။ ဓာတ်ပုံ- မဇ္ဈိမ။
အရေအတွက် ထပ်တိုးလာမယ်လို့ ကျောက်မျက်ပြပွဲ ကော်မတီက ပြောတယ်၊ ဒါကြောင့် လက်ရှိ လည်ပတ်နေတဲ့ ဟိုတယ်တွေကလဲ အခန်းတွေကို ထပ်တိုးကြတယ်၊ အသစ်တွေလဲ ဆောက်လက်စတွေ အပြီးသတ်ဖို့ အမြန် ပြင်ဆင်နေကြတာပေါ့” ဟု စကိုင်းပဲလေ့စ် ဟိုတယ်မှ တာဝန်ရှိသူက ပြောသည်။

ရွှေ့ဆိုင်းကျင်းပခဲ့သော ၂ဝ၁ဝ ပြည့်နှစ် နှစ်လည် ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၉  ရက်အထိ ကျင်းပခဲ့သော နေပြည်တော်တွင် ပထမဆုံးကျင်းပသော ကျောက်မျက်ပြပွဲကို ပြည်တွင်း ပြည်ပကုန်သည် ၆၇၅ဝ တို့ တက်ရောက်ခဲ့သည်။

နေပြည်တော်တွင်လက်ရှိလည်ပတ်နေသောဟိုတယ်အခန်းပေါင်း စုစုပေါင်း ၁၅ဝဝေ ကျာ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“နိုဝင်ဘာလတုန်းက ကျမတို့ဟိုတယ်ကို နဂိုအခန်းထက် ပိုပြီး တိုးလိုက်တယ်၊ အရင်က ၄၀ ကျော်၊အခု ၅၀ကျော်လောက် ထပ်တိုးနေတယ် ၊ကျောက်မျက်ပွဲအမီ အခန်းစုစုပေါင်း ၅၀ ကျော်လောက် ထပ်ချဲ့ခဲ့ရတယ်၊ နေပြည်တော်ဟာ ဧည့်သည်တွေ တကူးတက လာလည်တာထက် အလုပ်ကိစ္စကြောင့် လာတဲ့သူတွေ များတယ်၊ ဒါကြောင့် ဧည့်သည် ပြတ်တယ်ဆိုတာ မရှိသလောက်ပဲ” ဟု ရွိုင်ရယ် ကုမုဒြာဟိုတယ် ဈေးကွက်တာဝန်ရှိသူက ပြောသည်။

အမရာဟိုတယ်တွင် စုစုပေါင်းအခန်း ၆၄ခန်းတိုးချဲ့ခဲ့ရာ ယခုပြီးခါနီးဟု အဆိုပါဟိုတယ်မှ အရောင်း တာဝန်ခံ တဦးက ပြောသည်။

“အမရာ ဟိုတယ်မှာလက်ရှိ အခန်း ၆၇ခန်းရှိပါတယ်။ နိုဝင်ဘာလ ကျောက်မျက်ပွဲ အမီ ၆၄ ခန်း ထပ်ပြီး
တိုးချဲ့ခဲ့တယ်။ ပြီးသလောက် ဖွင့်ခဲ့နိုင်တယ်၊ ကျန်တာတွေကို မကြာခင် ပြီးအောင် တည်ဆောက်နေတယ်”ဟု
ယင်းက ပြောသည်။

လည်ပတ်နေသော ဟိုတယ်များ အနက် အော်ရီယံပဲလေ့စ် ဟိုတယ်၊ ဟိုတယ်သင်္ဂဟ တို့တွင်လည်း အခန်းများ ထပ်မံတိုးချဲ့နေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှလည်း အခန်းလိုအပ်ချက် မရှိစေရန် ဆောင်ရွက်ရမည်ဟု ဟိုတယ် လုပ်ငန်းရှင်များကို ထုတ်ပြန် ကြေညာထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

“နေပြည်တော်မှာ ကျောက်မျက်ပွဲ လုပ်တော့မယ် ဆိုကထဲက အခန်းတွေ လိုတယ်၊ တည်းခိုဖို့ အခက်အခဲရှိတယ် ဆိုတာမျိုးတွေ မဖြစ်စေဖို့ ဟိုတယ်ခရီးက လုပ်ငန်းရှင်တွေကို ပြောထားတယ် ”ဟု နေပြည်တော် ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောသည်။

ကျောက်မျက်ပြပွဲအမီ တည်ဆောက်နေသည့် ဟိုတယ်များမှာ Junction ဟိုတယ်၊ ဇမ္ဘူသီရိဟိုတယ်၊ ကောင်းကင်နန်းတော် ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ မြင့်မိသားစု ဟိုတယ်၊ Country ဟိုတယ်နှင့် Golden Land ဟိုတယ် တို့ ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment